~~~~~~တည်ဆောက်မယ် ၊Share မယ်၊ - TopicsExpress



          

~~~~~~တည်ဆောက်မယ် ၊Share မယ်၊ ဖိတ်မယ်~~~~~~ သင့်ရဲ့တန်ဖိုးရှိလှတဲ့အားလပ်ရက်မှာ တစ်နေ့တည်း တစ်နေရာထဲမှာ အချိန်နဲ့တစ်ပြေးညီ ပျော်ရွင်စရာအစီအစဉ်များကို ခံစားလိုက်ပါ။ နာမည်ကြီးအနုပညာရှင်များကိုယ်တိုင်လာရောက်ဖျော်ဖြေမည့် တေးသီချင်းများကို အခမဲ့နားဆင်နိုင်ခြင်း၊ နာမည်ကျော် ကုမ္ပဏီကြီးများ၏ ရင်ခုန်စရာအစီအစဉ်များတွင်ပါဝင်နိုင်ခြင်း၊ ပျော်ရွင်ရင်ခုန်ဖွယ်ရာကောင်းသော ကစားနည်းများကို ယှဉ်ပြိုင်ကစား၍ဆုကြီးများနှင့် အခြားဆုများကိုရယူနိုင်ခြင်းတို့နှင့်အတူ သင့်အနာဂတ်အတွက် ပညာရေးအခွင့်အလမ်းကောင်းများ အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို လေ့လာနိုင်ဖို ရည်ရွယ်ပြီး လုပ်တဲ့ပွဲမှာ ဆိုချီးမြှင့်ဖို့ ပြိုင်ပွဲ သုံးမျိုးကျင်းပနေပါတယ်။ထိုပြိုင်ပွဲတွေကတော့ 1. ကိုယ်ပိုင်ကဏ္ဍတစ်ခုကို ဖန်တီးပြီး အကောင်းဆုံးကဏ္ဍ ဖြစ်အောင်ပျိုးထောင်ရပါမယ်။ အကောင်းဆုံးကဏ္ဍကို ဘယ်လိုပျိုးထောင်ရမလဲဆိုတော့ ကဏ္ဍသစ်တစ်ခုဖန်တီးရန်ဆိုတာကို နှိပ်ပြီး ကိုယ်ပိုင်ကဏ္ဍတစ်ခုကို ဖန်တီးလိုက်ပါ။ ပြီးရင်တော့ အဲ့ဒီမှာ ကိုယ်ဆွေးနွေးခြင်တဲ့အရာလေးတွေ ဆွေးနွေး တင်ခြင်တဲ့ ပို့(စ်) လေးတွေတင်ပြီး မိမိကဏ္ဍကို ပေါ်ပြူလာဖြစ်အောင်လုပ်ရမှာပါ။ ပေါ်ပြူလာအဖြစ်ဆုံး ကဏ္ဍကိုလိုက်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုတွေကိုပေးသွားမှာပါ။ 2. နောက်တစ်ခု ကတော့ SQUAR မှာတင်ထားတဲ့ အကြောင်းအရာတွေ ပုံတွေ ဆန္ဒမဲတွေကို facebook ကို share နိုင်သမျှ share ရမှာပါ။ share ရင်တော့ SQUAR ရဲ့ ပြိုင်ပွဲအကြောင်းအရာလေး နှင့် SQUAR ပျော်ပွဲရွင်ပွဲ အကြောင်းအရာ ကို ပါအောင် share ပေးပါ။ ပြီးရင်တော့ ကိုယ် share ထားတဲ့ Link လေးကို အဲဒီ ပို့(စ်)တွေအောက်မှာပြန်ပြီး ဖော်ပြပေးပါနော်။ facebook ကို နှစ်ပတ်အတွင်း share အများဆုံး လုပ်တဲ့အလိုက် ပထမ ဒုတိယ တတိယ ပေးမှာဖြစ်ပါတယ်။ 3. နောက်ပြိုင်ပွဲတစ်မျိုးကတော့ သင့်ရဲ့ facebook ကသူငယ်ချင်းကို SQUAR သို့ဖိတ်နိုင်သမျှဖိတ်ပေးရမှာပါ။ ဘယ်လိုဖိတ်ရမလဲဆိုတော့ SQUAR ရဲ့ “မိတ်ဆွေများကို ဖိတ်မည်” မှတဆင့် သင့်ရဲ့ Facebook မှ သူငယ်ချင်းများကို SQUAR သို့ ဖိတ်ခေါ်ရမှာပါ။ ဖိတ်ခေါ်မှုအများဆုံး နှင့် ဖိတ်ခေါ်ခံရတဲ့ သူငယ်ချင်း၏ အကောင့်တစ်ခု ဖွင့်တဲ့အရေအတွက်ကို မူတည်ပြီး ပထမ၊ဒုတိယ၊တတိယ ဆုများကို ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ *ယခု ပြိုင်ပွဲသုံးခုထဲမှ သင်ကြိုက်နှစ်သက်ရာ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သလို သုံးခုစလုံးတွင်လည်း ယှဉ်ပြိုင်နိုင်ပါတယ်။* ~~~~~SQUAR ပြိုင်ပွဲတစ်ခုခြင်းစီရဲ့ဆုတွေကတော့~~~~~ ပထမဆု အနေနဲ့ ငါးသောင်းတန် City Mart Gift Card + SQUAR T-Shirt + SQUAR Mug တို့နှင့်အတူ be’ SQUAR ပျော်ပွဲရွင်ပွဲ ကိုလာရောက်မယ့် အနုပညာရှင်များထဲမှ သင့်စိတ်ကြိုက်အနုပညာရှင်တစ်ဦးနှင့် သီးသန့်တွေ့ဆုံ ဓာတ်ပုံရိုက်ခွင့် ဒုတိယဆု အနေနဲ့ သုံးသောင်းတန် City Mart Gift Card + SQUAR T-Shirt + SQUAR Mug တတိယဆု အနေနဲ့ နှစ်သောင်းတန် City Mart Gift Card + SQUAR T-Shirt + SQUAR Mug ဆုရရှိသူ အာလုံးကို ပွဲတော်သို့ လာရောက်ရန်အတွက် လက်မှတ်သုံးစောင်ချီးမြှင့်ပေးမည်ဖြစ်ပြီး ဆုတွေကိုတော့ ထိုပွဲတော်တွင် ခမ်းနားစွာ ချီးမြှင့်ပေးမည်ဖြစ်ပါသည်။ ~~~~~စည်းကမ်းချက်များ~~~~~ ပြိုင်ပွဲဝင်သော သူသည် g-mail အကောင့်အစစ်နှင့် ဝင်ပြိုင်သောသူဖြစ်ရပါမည်။ အနိုင်ရရှိသူများကို SQUAR မှကျင်းပသောပျော်ပွဲရွှင်ပွဲတွင် ဆုချီးမြှင့်ပေးမှာဖြစ်သောကြောင့် ပြိုင်ပွဲဝင်သော သူများမှာ ထိုပွဲသို့တက်ရောက်နိုင်သူဖြစ်ရပါမယ်။ ပြိုင်ပွဲကို သူငယ်ချင်း နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက် ပိုသော သူငယ်ချင်းကို ပွဲတော်သို့ခေါ်လာနိုင်လျှင် အပိုဆုတွေပါထပ်မံရရှိပါမည်။ ပြိုင်ပွဲနောက်ဆုံးရက်ကတော့ နိုဝင်ဘာ ၁၅ ရက်နေ့ပဲဖြစ်ပါတယ်။ြဲိပိုင်ပွဲလေးတွေမှာဝင်ပါပြီး ဆုတွှေအများဆုံးရယူဖို့ အခုပဲ အကောင့်အသစ်တွေ ဖွင့်ရအောင်နော်......... mysquar/join ကို မှာအကောင့်အသစ်ဖွင့်လို့ရပါတယ် အကောင့်ရှိပြီးသားသူတွေကတော့ ဒီအတိုင်းပဲ log in ဝင်လိုက်နော် android ဖုန်းတွေနဲ့ SQUAR ကို သုံးချင်ရင်တော့ app.mysquar မှာ download ချလို့ရပါတယ်........
Posted on: Mon, 04 Nov 2013 03:30:36 +0000

Trending Topics



ic-1486275731596957">#Anand #Jobs Data Entry Operators - Realtime Solutions. Pvt. Ltd -
Four northern governors, on Tuesday met with the Second Republic

Recently Viewed Topics




© 2015