နယူးဇီလန် လွှတ်တော် - TopicsExpress



          

နယူးဇီလန် လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့ ဓနသဟာယ စစ်သင်္ချိုင်းသို့ သွားရောက်လေ့လာ Sunday, 06 October 2013 ရန်ကုန်မြို့၌ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေသော နယူးဇီလန် လွှတ်တော် ဥက္ကဋ္ဌ Rt. Hon. David Carter ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ ဒုံမြို့ နယ် ထောက်ကြန့်ရှိ ဗြိတိသျှ ဓနသဟာယ စစ်သင်္ချိုင်း သို့ ရောက်ရှိကြပြီး ဓနသဟာယ စစ်သင်္ချိုင်း ကော်မ ရှင် ဒေသဆိုင်ရာ မန်နေဂျာ ဦးအော်စကာ က စစ်သင်္ချိုင်းနှင့်စပ်လျဉ်း သည်များကို လိုက်လံ ရှင်းလင်းပြသသည်။ ယင်းနောက် ဧည့်သည်တော်နယူး ဇီလန်လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဓနသဟာယ စစ်သင်္ချိုင်းအတွင်းရှိ နယူးဇီလန် လေတပ်သားများ၏ အထိမ်းအမှတ် ဂူဗိမာန်ရှေ့၌ လွမ်းသူ့ပန်းခွေချ အလေးပြုပြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်၌ လက်မှတ်ရေးထိုးကာ စစ် သင်္ချိုင်း အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြသည်။ myawady.net.mm/allnews/local/item/27218-2013-10-06-09-14-01 အေးချမ်းမွန် Credit To > မြ၀တီ
Posted on: Sun, 06 Oct 2013 04:19:19 +0000

Trending Topics



Recently Viewed Topics




© 2015