မြန်မာ-ကိုရီးယား - TopicsExpress



          

မြန်မာ-ကိုရီးယား ယဉ်ကျေးမှုနှင့် ရုပ်သံလုပ်ငန်းဆိုင်ရာ ဆွေးနွေးမည် မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ချစ်ကြည်ရေး အနေနှင့် နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ရုပ်သံထုတ်လွင့်မှု လုပ်ငန်း ဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၉ ရက် နေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ယင်းပွဲဖြစ်မြောက်စေရေး တာဝန်ယူ ဆောင်ရွက်ပေး နေသည့် Gunhong int’ l ကုမ္ပဏီမှ ဒါရိုက်တာ ဒေါ်ဖြူဖြူဝင်းက ပြောကြားသည်။ တောင်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့၏ ရုပ်သံပိုင်း ထုတ်လွှင့်မှုဆိုင်ရာ တိုးတက်ရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ နည်းပညာဖလှယ်မည့် ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးမှတာဝန်ရှိသူများနှင့် တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်သော MBC ရုပ်သံလိုင်းမှ ရှယ်ယာရှင် FBC (The Foundation of Broadcast Cultur) ဥက္ကဋ္ဌ Mr.Kim Moon Hwan တို့ တက်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ကတော့ နှစ်နိုင်ငံ ယဉ်ကျေးမှုကို ဖလှယ်နိုင်အောင်လို့ လက်ခံပြီးတော့ ဆောင်ရွက်ပေးတာပါ” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်တွင်းပြည်ပ ဆက်ဆံရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းက ပြောကြားသည်။ ယဉ်ကျေးမှုနှင့် ရုပ်သံပိုင်း ထုတ်လွှင့်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ကိုရီးယား နိုင်ငံအပြင် နိုင်ငံတကာနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ Mr.Kim Moon Hwan နှင့် အဖွဲ့သည် မြန်မာနိုင်ငံတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနများနှင့် ယဉ်ကျေးမှု တက္ကသိုလ်များသို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း ဒေါ်ဖြူဖြူဝင်းက ပြောကြားသည်။ FBC (The Foundation of Broadcast Culture) ကုမ္ပဏီသည် ၁၉၈၈ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၏ အောင်မြင်သော ရုပ်သံလွှင့် ဌာနဖြစ်သော MBC ရုပ်သံလွှင့် ဌာန၏ ရှယ်ယာ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted on: Sat, 10 Aug 2013 07:27:32 +0000

Trending Topics



Recently Viewed Topics




© 2015