ဟာကျူလီကသာ - TopicsExpress



          

ဟာကျူလီကသာ ဦးရဲထွဋ်ကို ဖဲ့ထည့်လိုက်ပြီ.........။ ဆရာဦးရဲထွဋ် အရေး။ ။("""တစ်ချို့ကလည်း ဖြတ်သန်းခဲ့ရတဲ့စနစ်ကြောင့်ဆိုပြီးလည်းပြောကြပါတယ်။ ကျွန်တော်ကတော့ ကိုယ်သိက္ခာကို ကိုယ်လေးစားတတ်တဲ့ လူဟာ ဘယ်စနစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ထိန်းသိမ်းနိုင်တယ်လို့ ယုံကြည်ပါတယ်။ """) ဟာဂျူလီအတွေး ။ ။ ဖြတ်သန်းခဲ့ရတဲ့စနစ်ကြောင့်ဆိုတာကို ဆရာလက်မခံပေမယ့် ကျွန်တော်လက်ခံပါတယ်၊ဘာဖြစ်လို့လည်းဆိုတော့ ဆရာ ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့တဲ့ စစ်အစိုးရခေတ်မှာ အုပ်ချုပ်ခဲ့တဲ့ (နေရာမြင့်မြင့်မှာရှိတဲ့ လူကြီးအများစု)လူကြီးတွေထဲမှာ ကိုယ့်သိက္ခာကို ကိုယ်လေးစားတတ်တဲ့ လူဟာ ဘယ်နှယောက်တွေ့ဖူးခဲ့ပါသလဲဆရာ၊ကိုယ်သိက္ခာကို ကိုယ်လေးစားတတ်တဲ့ လူဆိုတာ ကိုယ်မယုံကြည်တာကို ကိုယ် မလုပ်ပါဘူးဆရာ၊အုပ်ချုပ်ခဲ့တဲ့ (နေရာမြင့်မြင့်မှာရှိတဲ့ လူကြီးအများစု)ကိုယ်သိက္ခာကိုကိုယ်လေးစားတတ်ခဲ့မယ်ဆိုရင် ဦးသန်းရွှေအရူးထခဲ့တဲ့ ကြက်ဆူပင်စီမံကိန်းဟာ ဖြစ်မလာပါဘူး၊ကြက်ဆူပင်ကြောင့် နိုင်ငံရဲ့ မြေတွေ လုပ်အားတွေ အချိန်တွေ ဘယ်လောက် ဆုံးရှုံးခဲ့တယ်ဆိုတာ ဆရာပိုသိမှာပါ၊ ကြက်ဆူစီးမံကိန်းအစား သရက်ပင်စီမံကိန်းလုပ်ခဲ့ရင်တောင် ဒီအချိန် နိုင်ငံတကာကို သရက်သီးသနပ် Exportလုပ်နေနိုင်လောက်ပါပြီ၊အဲဒီတုန်းက ဆရာရော ဂုဏ်သိက္ခာရှိစွာ ကြက်ဆူပင် စီမံကိန်းကို ကန့်ကွက်ခဲ့ဖူးပါသလား၊ထားပါဆရာ၊ပြောချင်တာက နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင် ကိုယ့်သိက္ခာကို ကိုယ် မလေးစားတတ်မှတော့ အုပ်ချုပ်ခံလူထုတွေ့  ကိုယ်သိက္ခာကို ကိုယ် မလေးစားတတ်တာ လူထုကိုအပြစ် တင်နေတာဟာ မဟုတ်သေးပါဘူးဆရာ၊ဒါကြောင့် လူထုညံ့တာဟာ ဖြတ်သန်းခဲ့ရတဲ့စနစ်ကြောင့်ဆိုတာ ကျွန်တော်ယုံပါတယ်ဆရာ၊
Posted on: Mon, 05 Aug 2013 16:35:42 +0000

Trending Topics



Recently Viewed Topics




© 2015