“ဦးဝီရသူ ပြင်ဦးလွင် ကထိန်ပွဲကြွရောက်” ^^^^^^^^^^^^^^^^^^^^^^ 10.11.2013 မနက် 9:00 နာရီ ပြင်ဦးလွင်မြို့ မဟာဇေတဝန်မစိုးရိမ်တိုက်သစ် ကထိန်သင်္ကန်းကပ်လှူပွဲ ဖြစ်ပြီး ကထိန်အလှူရှင်များမှာ မန္တလေးမြို့ ၃၆လမ်း ၈၀×၈၁ လမ်းကြား ကင်းဟိုတယ်နှင့် ဖိနပ်ပစ္စည်း ရောင်းဝယ်ရေး မှ ဦးဝင်း+ဒေါ်သိန်းလေးတို့ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသမှ အနုမောဒနာတရား ချီးမြှောက်ပြီး ပြင်ဦးလွင် မဟာဇေတဝန် မစိုးရိမ်တိုက်သစ် စာချဆရာတော် ဦးတေဇမှ နှစ်ထပ်သင်္ကန်းကြီးကို အလှူခံတော်မူသည်။ ကထိန်အလှူရှင်မိသားစုအား ဦးဝီရသူမှ သာရဏီယကထာ ဟောကြားခဲ့ကြောင်း သိရသည်။
Posted on: Mon, 11 Nov 2013 13:49:49 +0000