စင်ကာပူအခြေစိုက် UPP - TopicsExpress



          

စင်ကာပူအခြေစိုက် UPP ကုမ္ပဏီက ရန်ကုန်မြို့ ရွာမဓာတ်အားပေးစက်ရုံ ၀င်းအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည် Created on Tuesday, 24 September 2013 20:11 AddThis Social Bookmark Button စင်ကာပူအခြေစိုက် UPP Holdings ကုမ္ပဏီက ရန်ကုန်တိုင်းဒေသကြီးရှိ ရွာမဓာတ်အားပေး စက်ရုံဝင်းအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းကို ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ကိုင်ရန် စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၄/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်ရန် ချထားပေးခဲ့ခြင်း ဖြစ်သည်။ ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို . . . . . လုပ်ငန်းလုပ်ကိုင်ရာတွင် UPP Holdings ကုမ္ပဏီ လက်အောက်ရှိ UPP Greentech Pte က လုပ်ကိုင်မည်ဖြစ်ပြီး UPP Power (Myanmar) အမည်ဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် တိုက်ရိုက်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအရ ၀င်ရောက်လုပ်ကိုင်မည့် ဒုတိယမြောက် ကုမ္ပဏီဖြစ်ပြီး ဇန်န၀ါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ထိုင်းနိုင်ငံ အခြေစိုက် Toyo-Thai Corporation Public ကုမ္ပဏီအား လုပ်ကိုင်ခွင့် ချထားပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခြင်း လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားသည့် ပြည်ပနိုင်ငံများ ရှိနေပြီး လက်ရှိတွင် ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံတွင် ၅၀၀ မဂ္ဂါဝပ်ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနဖြင့် ဓာတ်အားဝယ်ယူရေး သဘောတူညီမှုစာချုပ် (PPA) ချုပ်ဆိုရန် ဆွေးနွေးမှုများ ရှိနေကြောင်း သိရသည်။
Posted on: Thu, 26 Sep 2013 02:42:43 +0000

Trending Topics



/a>
This is going to be a bit long winded, of that have no doubt. I
MUSICAL MONDAY: Today the music department received 31 brand new
EASTER! Beautiful day, happy guests and cute kids! Seester
Cornell Chicken INGREDIENTS: 2 cups cider vinegar 1 cup
Wow seems to be the word I use to describe something I experience
Jadwal ronda Selasa, 15 Oktober 2013 : • 19:00 WIB,
Bible Prophecy --- Just sharing--- Isaiah 19:01-25 "Look! The
✿ kini hadir di hadapan anda toko ( ELECTRONIKA ) yang ✿
PAROLES : TISIRT N-NDDAMA / MATOUB LOUNES AJOUTÉES PAR :

Recently Viewed Topics




© 2015