အင်တာနက် အသုံးပြုမှုတွေအပေါ် ဗြိတိန် စုံစမ်းစစ်ဆေးရေး အေဂျင်စီ GCHQ ရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေကိုလည်း အမေရိကန် ထောက်လှမ်းရေးဟောင်း အက်ဒ၀ပ် စနိုဒင်က ဖွင့်ချလိုက်ပြန်ပါတယ်။ ဗြိတိန် စုံစမ်းစစ်ဆေးရေး အေဂျင်စီ GCHQ ဟာ ဖေ့စ်ဘွတ်၊ ယူကျုနဲ့ ဘလော့ဂ်တွေမှာ အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုတွေကို အချိန်တိုင်း စောင့်ကြည့်နေတယ်လို့ စနိုဒင်က ပြောလိုက်တာ ဖြစ်ပါတယ်။ ဂါးဒီးယန်း သတင်းစာက ဖော်ထုတ်ရေးသားရာမှာ GCHQ ဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက ဖိုင်ဘာအော့ပ်တစ်ကြိုးတွေကနေ အချက်အလက်တွေကို ဖောက်ထုတ်ယူငင်ပြီး စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
Posted on: Tue, 28 Jan 2014 18:04:10 +0000
Trending Topics
Recently Viewed Topics
© 2015