Excel4Expert 021 Workbook - TopicsExpress



          

Excel4Expert 021 Workbook လုပ်ကိုင်ခြင်း အိပ်ဇဲရဲ့ အူသိမ်အူမဟာ Workbook ဖြစ်ပါတယ်။ အိပ်ဇဲ လုပ်ကိုင်သမျှ အကုန်လုံး Workbook ထဲမှာပဲ ရှိနေပါတယ်။ Excel2007 ကစလို့ Workbook ကို ကျစ်လစ်ပစ်ပြီး သိမ်းဆည်းပေးပါတယ်။ compress လုပ်ပစ်တာကို ဆိုလိုပါတယ်။ zip ဖိုင်လို လုပ်ပစ်တာပါ။ ကျစ်လစ်ထားတဲ့ ဖိုင်ထဲမှာ Workbook နဲ့ ပတ်သက်သမျှသော အချက်အလက်တွေကို သိမ်းဆည်းပေး ထားပါတယ်။ charts, macros, formatting, ဆဲလ်ထဲမှာ ထည့်ရိုက်ပေးထားတဲ့ data စတာတွေ အကုန်လုံး သိမ်းဆည်းပေးထားပါတယ်။ အိပ်ဇဲ Workbook ထဲမှာ sheet တွေ ရှိနေတယ်။ ဘယ်နှခု အထိပဲ ဆိုတာ ကန့်သတ်ချက် မရှိပါဘူး။ ကွန်ပျူတာရဲ့ မှတ်သားမှုက မှတ်သားပေးထားနိုင်သရွေ့ အရေအတွက် များပြားလို့ ရပါတယ်။ sheet တွေကို အမျိုးအစား ၄မျိုး ခြွဲခားလို့ ရပါတယ်။ နှစ်မျိုးက ဆက်လက်သုံးစွဲနေဆဲ။ ကျန်နှစ်မျိုးက ခေတ်မရှိတော့ပါဘူး။ သုံးနေဆဲ နှစ်မျိုးက Worksheets Chart sheets ခေတ်ကုန်နေတဲ့ နှစ်မျိုးက MS Excel 4.0 macro sheets MS Excel 5.0 dialog sheets
Posted on: Sat, 27 Jul 2013 17:47:25 +0000

Trending Topics



Recently Viewed Topics




© 2015