Sunday, July 7, 2013 | မျက်ဝန်း (၉) - TopicsExpress



          

Sunday, July 7, 2013 | မျက်ဝန်း (၉) ကြိမ်မြောက် ကမ္ဘာ့အစ္စလာမ်မစ် စီးပွါးရေးဖိုရမ် ဗြိတိန်အိမ်ရှင်အဖြစ် ဦးစီးကျင်းပမည်  ဗြိတိန်နိုင်ငံ (Britain) ဟာ ကမ္ဘာ့အစ္စလာမ်မစ် စီးပွါးရေးဖိုရမ် (World Islamic Economic Forum) ကို လက်ခံကျင်းပမယ့် ပထမဆုံး မွတ်စလင် မဟုတ်တဲ့ နိုင်ငံတစ်ခု ဖြစ်မယ်လို့ ဗြိတိန် အခြေစိုက် Telegraph သတင်းဌာနမှာ ဖော်ပြ ထားပါတယ်။ လာမယ့် အောက်တိုဘာလ အတွင်း နဝမ အကြိမ်မြောက် ကမ္ဘာ့ အစ္စလာမ်မစ် စီးပွါးရေး ဖိုရမ်ကို လန်ဒန်မြို့ (London) မှာ အိမ်ရှင် အဖြစ် ကျင်းပမှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပတဲ့အတွက် ဗြိတိန်ဟာ အစ္စလာမ့်နည်းကျ ဘဏ္ဌာရေး (Sharia Finance) ကဏ္ဌအတွက် ကမ္ဘာ့ အချက်အခြာ နိုင်ငံတစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မွတ်စလင်နိုင်ငံတွေနဲ့ ဥရောပတိုက် (Europe) အကြား စီးပွါးရေးဆိုင်ရာ ကုန်သွယ်ရင်းနှီးမှုတွေကို ပူးပေါင်းဆွေးနွေးဖို့ နိုင်ငံတကာ ကိုယ်စား လှယ် (၁၅၀၀) ကျော်တက်ရောက်မှာ ဖြစ်ပြီး ဒီဖိုရမ်ဟာ (၃) ရက်ကြာမြင့်မှာ ဖြစ်တယ်လို့ ဆို ပါတယ်။ လန်ဒန်မြို့တော်ဝန် Boris Johnsonက ယခုလို ကမ္ဘာ့အစ္စလာမ်မစ် စီးပွါးရေး ဖိုရမ်ကြီးကို လန်ဒန်မြို့မှာ ကျင်းပခွင့်ရတာဟာ ကျနော်တို့ရဲ့ အစ္စလာမ့်နည်းကျ ဘဏ္ဌာရေး ကဏ္ဍတွေမှာ ပါဝင်နေမှု့ကိုဖော်ပြခြင်း ဖြစ်ပြီး လန်ဒန်မြို့ဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အကောင်းဆုံးနေရာ တစ်ခုဖြစ်တယ် ဆိုတာ ဖွင့်ဟပြလိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း (Middle East) နဲ့ အာရှတိုက် (Asia) မှာရှိတဲ့ နိုင်ငံတွေပြီးရင် အကြီးမားဆုံး အစ္စလာမ္မစ်ဘဏ်လုပ်ငန်းတွေ တည်ရှိတဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ အစ္စလာမ္မ္မစ် စီးပွါးရေး ဖိုရမ်ကို မလေးရှားနိုင်ငံ (Malaysi) ကွာလာလမ်ပူ (Kuala Lumpur) မြို့မှာ အခြေ စိုက်ထားတဲ့ WIEF Foundation က ဦးစီးကျင်းပတာဖြစ်ပြီး ယခင်က ကူဝိတ် (Kuwait)၊ ကာဇက်စတန် (Kazakhstan)၊ ပါကစ္စတန် (Pakistan)၊ အင်ဒိုနီးရှား (Indonesia) နဲ့ မလေးရှားနိုင်ငံ (Malaysia) တွေမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ Telegraph (UK) | myanmarmuslimvoice ကမ္ဘာ့သတင်း၊ သတင်း ကဏ္ဍနှင့်ပတ်သက်၍ အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail Older Post Home
Posted on: Sun, 07 Jul 2013 18:02:35 +0000

Trending Topics



Recently Viewed Topics




© 2015