" ကျွန်တော်တို - TopicsExpress



          

" ကျွန်တော်တို့ မြန်မာလူငယ်တွေ Critical Thinking လုပ်ဖို့ လိုတယ်ထင်တယ် " ဆယ်တန်းဖြေထားတုန်း နွေရာသီတုန်းက ဆရာကောင်းသန့် ရဲ့  YOUTH Magazine မှာ ဆရာကြီးတစ်ယောက် ( နာမည်မမှတ်မိတော့ ဘူး ) ရေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို အရမ်းမှတ်သားစရာကောင်းလို့  အချိန်ပေးဖတ်စေချင်ပါတယ် ( like မလုပ်ချင်နေပါ ) ကျွန်တော်တို့  ကလေးတစ်ယောက်ရှိတယ်ဆိုပါတော့ ...အနောက်နိုင်ငံမှာမွေးတဲ့ ကလေးဆိုရင် သူ့ ကို " ကလေး မင်းနတ်သမီးပုံကို သိသလောက်ဆွဲပြပါဆိုရင် ဂါဝန်ဖြူဝတ်ပြီးတောင်ပံနဲ့  Angel ပုံကိုပဲ ဆွဲပြလိမ့် မယ်.. " မြန်မာနိုင်ငံမှာမွေးတဲ့ ကလေးကို အဲ့ လိုဆွဲပြခိုင်းရင်တော့  ဘယက်ဒွါဒရာနဲ့  စည်းပုံတွေ နဲ့ နတ်ပြည်က နတ်သမီးပုံလိုမျိုးကို ဆွဲပြလိမ့် မှာပဲ..." ################## အဲ့ ဒါက ဘာကိုဖော်ပြနေသလဲ ဆိုရင် ကျွန်တော်တို့ ဟာ မွေးကတည်းက စဉ်းစားမှုအသိညဏ်တွေ ကို ( တစ်နည်း ဦးနှောဏ်ကို ) ဘောင်ခတ်ခံခဲ့ ရတာပါ...မွေးကတည်းက ဒီလိုတွေး..ဒီလိုရေးး..ဒီလိုမှတ် ဆိုတာတွေကို လက်ဦးဆရာမိဘတွေကစလို့  ကျောင်းကဆရာတွေအဆုံး သင်ပြ ဘောင်ခတ်ပေးခဲ့ ကြပါတယ်...အဲ့ တော့  ကျွန်တော်တို့  ရဲ့ ability စွမ်းဆောင်ရည်က အကန့် အသတ်နဲ့ ပဲရှိနေခဲ့ ပါတယ်..အဲ ့လိုဆို နိုင်ငံခြားမှာကျတော့ ရော..?? နိုင်ငံခြားမှာအဲ့ လိုမဖြစ်အောင် ငယ်ငယ်မူကြိုအရွယ်တည်းက ဆရာနဲ့ တပည့်  ဆွေးနွေးတဲ့ စနစ် CCA ( Child Center Approach ) တကယ်ကိုသုံးပါတယ်....သင်ခန်းစာတစ်ခုဆိုမသင်ခင် ကလေးကိုအရင်မေးတဲ့ ပုံစံမျိုးပါ...နောက်ကြီးလာတော့ လဲ Lesson တွေ Exercise တွေကို ကျွန်တော်တို့ ဆီမှာလိုမျိုး အဖြေတစ်ခါတည်းမပေးလိုက်ပဲနဲ့ စာကြည့် တိုက်တွေ Online တွေ မှာ လိုက်ရှာပြီးကိုယ့် ဘာသာကိုဖြေရပါတယ်....ကန့် သတ်မထားပါဘူး မေးခွန်းတစ်ခုမှာအဖြေအမျိုးမျိုးရှိနိုင်ပါတယ်...... နိုင်ငံခြားသားလူငယ်တွေက ကျွန်တော်တို့ ထက် ပိုပြီး ထက်မြက်တယ် brilliant ဖြစ်တယ် bright ဖြစ်တယ်ဆိုတာ သူတို့ အတွေးတွေကို ဘောင်ခတ်မထားလို့ ပါပဲ...ကျွန်တော်တို့ မြန်မာလူငယ်တွေ လည်း အခုကစပြီး ဘောင်အပြင်ဖက်က တွေးတာ ( Critical Thinking ) လုပ်ဖို့ လိုလာပါပြီ... ရှိနေတဲ့  Knowledge တွေ အသိပညာတွေ Certificate တွေနဲ့ ပဲ အားရမနေပဲနဲ့  ကမ္ဘာ မှာမြန်မာရယ် လို့ သိအောင် ( ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး ဦးသန့် လိုမျိုး ) ဖြစ်ဖို့  အသစ်တွေ ဖန်တီး နိုင်အောင် ကျယ်ကျယ်ပြန့် ပြန့် တွေးခေါ်နိုင်အောင်ကြိုးစားကြရပါမယ်... မြန်မာတွေလည်းမညံပါဘူးလေ..တကယ်လုပ်ရင် အနောက်တိုင်းသိုးဆောင်းတွေထက် အဆပေါင်း များစွာသာအောင် ( ကနောင် အိမ်ရှေ့ စံလိုမျိုး ) လုပ်ပြလိုက်ကြရင်ဖြင့် နိုင်ငံကြီးဒီ့ ထက်ဒီတိုးတက် ဖွံဖြိုးလာမှာပါ...Programmer , Network Technician, Deisgner, Web Developer, Web Designer, Mobile Hardware/ Software Technician, A+ Hardware Technician, PLC Technician , Security Administrator နောက်ဆုံး Gamer and Game Developer များပါမကျန် ဖောက်ထွက်တွေးခေါ်ကြပါလို့ , အသစ်..အသစ်တွေဖန်တီးကြပါလို့ ......................
Posted on: Mon, 02 Sep 2013 16:11:05 +0000

Trending Topics



Recently Viewed Topics




© 2015