ကဲ... မနက်ဖြန်ဆို Third Year MMU Student - TopicsExpress



          

ကဲ... မနက်ဖြန်ဆို Third Year MMU Student အနေနဲ့ ကျောင်းကိုပထမဆုံးခြေချမယ်ကွာ။ ပြန်စဉ်းစားကြည့်ရင် အချိန်တွေကုန်တာအရမ်းမြန်လိုက်တာ။ အခုချိန်အထိ TTC မှာအောင်စာရင်းသွားကြည့်ခဲ့တဲ့ညကို မျက်စိထဲပြန်မြင်နေတုန်းပဲ။ အောင်စာရင်းထွက်ပြီး နှစ်နှစ်ခွဲဆိုတဲ့ကာလကြီးက ကုန်ဆုံးသွားတာအရမ်းမြန်လိုက်တာကွာ။ ဒီနှစ်နှစ်အတွင်း ငါမှားယွင်းခဲ့တယ်။ ငါပျက်စီးခဲ့တယ်။ ငါဘာလဲဆိုတာ ငါမေ့လျော့သွားခဲ့တယ်။ မလုပ်သင့်တာတွေလုပ်ခဲ့လို့ မဖြစ်သင့်တာတွေလဲ ဖြစ်ခဲ့တယ်။ ငါသိပါတယ်။ တောင်းပန်ပါတယ်ဆိုတဲ့စကားက ဒီအမှားတွေကိုမေ့ပစ်စေဖို့မလုံလောက်ဘူးဆိုတာ။ အခုတော့ ငါဟာ... အရင်တစ်ချိန်က ဘာလုပ်လုပ်... အောင်မြင်ခဲ့တဲ့ငါ... ပြန်ဖြစ်စေရမယ်။ ဝဏ္ဏလင်းဆိုတဲ့ ငါ့နာမည်... ဟိုးအပေါ်ပြန်ရောက်စေရမယ်။ ဒါ... ငါ့ ပန်းတိုင်ပဲ။ ။ ။
Posted on: Sun, 01 Dec 2013 15:22:06 +0000

Trending Topics



Recently Viewed Topics




© 2015