" တရုတ်၊ အမေရိကန် နှင့် - TopicsExpress



          

" တရုတ်၊ အမေရိကန် နှင့် ကာတာ ဂေဟစနစ် ဖျက်ဆီးသည့် နိုင်ငံများဟု သတ်မှတ်ခံရ" တစ်နှစ်စာ သုံးစွဲခွင့် ရှိသည့် သ ဘာဝ အရင်းအမြစ် ပမာဏကို လူသား တို့က အကုန် သုံးစွဲ ပစ်လိုက်သည့်နေ့ (Earth Overshoot Day) အဖြစ် သြဂုတ်လ ၂၂ သို့မဟုတ် ၂၃ ရက်နေ့ ကို ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး သမားများက တွက်ချက်မှတ် သားကာ အင်္ဂါနေ့တွင် ကျရောက်သော ထိုနေ့တွင် တရုတ်၊ အမေရိကန်နှင့် ကာ တာနိုင်ငံ တို့ကိုလည်း ဂေဟစနစ်ကို လု ယက် ဖျက်ဆီးသည့် နိုင်ငံများ အဖြစ် သတ် မှတ် လိုက်ကြောင်းကို အာရှဆိုင်ရာ အွန်လိုင်း သတင်းတွင် သိရသည်။ ၈ လကျော်ကာလ အတွင်း လူသား တို့သည် ကမ္ဘာမြေက ခွင့်ပြုသည့် တစ်နှစ်စာ သဘာဝ အရင်းအမြစ် ပမာဏကို များစွာ ကျော်လွန် သုံးစွဲပစ်ခဲ့သည်ဟု ကမ္ဘာ လုံး ချီ ဂေဟခြေရာခံကွန်ရက် (Global Footprint Network) က သတင်း ထုတ်ပြန်ခဲ့သည်။ တစ်နှစ်၏ ကျန်လများ၌ လူသား တို့၏ သဘာဝ အရင်းအမြစ်များကို ဆက်လက် သုံးစွဲနေမှုသည် ကျော်လွန် စားသုံးမှု ဖြစ်သည်။ ယင်းကာလတွင် သမုဒ္ဒရာ အတွင်းမှ ငါးများ၊ သစ်ပင် များနှင့် အခြားသော သဘာဝ အရင်းအမြစ်များ ပျက်စီး ဆုံးရှုံးခြင်း ဖြစ်ကာ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ကဲ့သို့ ညစ်ညမ်းမှု များကို စုပုံစေ သည့် ဖြစ်စဉ် များကို ဖြစ်စေ သည်။ ယင်းတို့သည် ကျွန်ုပ် တို့၏ ဂေဟ စနစ် အတွက် ဘတ်ဂျက် လိုငွေပြမှု ဖြစ်သည့် သဘော ဖြစ်သည်။ လူသားတို့၏ သုံးစွဲမှု သည် ယခုနှုန်း အတိုင်း ဆက်လက် ရှိမည် ဆိုပါက နောက်ထပ် ကမ္ဘာ တစ်လုံးခွဲစာ အရင်းအမြစ် လိုအပ်လာမည် ဖြစ်သည်။ ယခု ရာစုနှစ်ဝက် မတိုင်ခင် ကျွန်ုပ်တို့ အတွက် သဘာဝ အရင်းအမြစ် ကမ္ဘာ နှစ်လုံးစာ လိုမည်ဟု ယင်းအဖွဲ့က ဆက် လက် ရှင်းပြပြောဆိုခဲ့သည်။ တရုတ်ပြည်မှ လူတစ်ဦး ချင်းစီကြောင့် ဖြစ်သော ဂေဟစနစ် ပျက်စီးမှု ခြေရာသည် ဥရောပ၊ မြောက်အမေရိက တို့နှင့် နှိုင်းယှဉ်လျှင် သေးငယ်သော်လည်း ၄င်း၏ များပြား လှသော လူဦးရေကြောင့် အကြမ်းထည် တွင်ပင် ပိုမို၍ လေးလံ မှုရှိသည်။ ကမ္ဘာပေါ်ရှိ လူအားလုံးက တရုတ် တို့ကဲ့သို့ ဘဝနေနည်း မျိုးဖြင့် နေမည် ဆိုလျှင် ကမ္ဘာ ၁ ဒသမ ၂ လုံး ခန့်စာ အရင်းအမြစ် လိုမည်ဖြစ်သည်။ ယနေ့ အမေရိကန် တို့ကဲ့သို့ တစ်ကမ္ဘာ လုံးရှိ လူများ နေထိုင်ပါက ကမ္ဘာ ၄ လုံး စာ အရင်းအမြစ် လိုအပ် မည်ဖြစ်ပြီး ကာ တာနိုင်ငံသား များကဲ့သို့ နေထိုင်ပါက ကမ္ဘာ ၆ လုံးခွဲစာ လိုအပ်မည် ဖြစ်သည် ဟု သိရသည်။ Reposted By Su Credit to Popular Myanmar News Journal Ref:Myanmar Online News facebook/MMcities
Posted on: Tue, 27 Aug 2013 08:03:02 +0000

Trending Topics



Recently Viewed Topics




© 2015