မက်ခရိုဘောဂဗေဒ - TopicsExpress



          

မက်ခရိုဘောဂဗေဒ (၂) အစိုးရနှင့်ဆိုင်သောပေါ်လစီ (သို့မဟုတ်) Macroeconomic Policies ဒေါက်တာမောင်မောင်စိုး(ဘောဂဗေဒ) Date: 24 Nov: 2013 နိုင်ငံတိုင်း အစိုးရလုပ်ရမည့်အလုပ်ကား တိုင်းပြည်စီးပွားရေးကိုစီမံခန့်ခွဲရန်ဖြစ်သည်။ အစိုးရအနေဖြင့် စီးပွားရေးအလုပ်ထက်၊ စီးပွားရေးကိုစီမံခန့်ခွဲရသည့်အလုပ်က ပိုအရေးကြီးသည်။ စီးပွားရေးသမားတို့လုပ်ကိုင် သောစီးပွားရေးအလုပ်ကို အစိုးရကစီမံခန့်ခွဲပေးရန်တာဝန်ရှိသည်။ ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုမည်မျှတိုးတက် အောင် ပန့်ပိုးပေးရမည်။ အလုပ်အကို်င်များကို မည်သို့ဖန်တီးပေးမည်။ ကုန်စည်နှင့်ဝန်ဆောင်မှုဈေးနှုန်းများ သည် တိုင်းသူပြည်သားများရှာဖွေရရှိသော လုပ်ခ၊လစာတို့နှင့် ကိုက်ညီစေရန်မည်သို့စီမံခန့်ခွဲလုပ်ကိုင်ပေးရ မည်ကိုသာ စဉ်းစား၊ လုပ်ဆောင်၊ စီမံ၊ ဆုံးဖြတ်၊ သုံးသပ်တတ်ရန်သာလိုသည်။ စီးပွားရေးသည် လူတိုင်းလုပ် တတ်ကြသည်။ လူတိုင်းမလုပ်နိုင်သောအလုပ်ကား တိုင်းပြည်စီးပွားရေးကို စီမံခန့်ခွဲခြင်းဖြစ်သည်။ ထိုသို့လူ တိုင်းမလုပ်နိုင်သော တိုင်းပြည်စီးပွားရေးစီမံခန့်ခွဲမှုများကို အစိုးရအနေဖြင့် ထိထိရောက်ရောက် စီမံခန့်ခွဲလုပ် ကိုင်တတ်မည်ဆိုလျှင် တိုင်းပြည်ပြည်သူ၊လူအများ၊လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းပါမကျန် လူအားလုံးတို့ သည် လူနေမှုအဆင့်အတန်းလည်းဖြစ်လာမည်။ ပြည်သူလူထုလိုလားသောအစိုးရ၊ လေးစားစရာကောင်းသော အစိုးရ Reputation Government လည်းဖြစ်လာနိုင်ပါသည်။ စပိန်နိုင်ငံအတွေ့အကြုံကိုပြောရလျှင် ရွေးကောက်ပွဲနီးလာခါနီး နှစ်လလောက်အလိုတွင် တိုင်းပြည် စီး ပွားရေးအခြေအနေဆုတ်ယုတ်လာသည်။ အလုပ်လက်မဲ့နှုန်းထားများ မနှစ်ကနှင့်ယှဉ်လျှင် 5.2% တိုးလာသည် ငွေဖေါင်းပွမှုနှုန်းသည်လည်း အခြေခံစားသောက်ကုန်များနှင့်လောင်စာသုံးစွဲမှုတွင် 4.3% လောက်ထိတက် သွားသည်။ ထိုအခြေအနေကို မီဒီယာများကလည်း ခေါင်းစီးမျက်နှာဖုံးတွင် ဖေါ်ပြလာသည်။ စပိန်တွင်ခေတ်စား သော Right-Wing Daily Newspaper ABC သတင်းစာတွင် မျက်နှာဖုံးနေရာတွင်ဖေါ်ပြလာသည်။ ပြိုင်ဘက် ပါတီကြီးများလည်း သူတို့သာ လာမည့်ရွေးကောက်ပွဲတွင်အနိုင်ရမည်ဆိုပါက၊ တိုင်းပြည်အတွက် စီမံဆောင်ရွက် ထားရှိသည့် တိုင်းပြည်တိုးတက်စေရန်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ (Economic Reforms) များကို တိုင်းပြည်ကို ချပြသည်။ တိုင်းပြည်ကို အာမခံချက်တွေပေးလာသည်။ တိုင်းပြည်အတွက်-ကတိက၀တ်တွေပေးလာသည်။ လက်ရှိအစိုးရသည်လည်း မကောင်းခဲ့သောအစိုးရမဟုတ်၊ နံမည်ပျက်မှတက်လာသောအစိုးရ မဟုတ်၊ အမှန်တကယ်တိုင်းပြည်အတွက် သုံးနှစ်၊သုံးမိုး တိုင်းပြည်တာဝန်ကိုကြေပြွန်စွာထမ်းဆောင်ခဲ့သော အစိုးရဖြစ်သည်။ နောက်ဆုံး နှစ် ရွေးကောက်ပွဲ နှစ်လအလိုမှဖြစ်လာသော တိုင်းပြည်ကံကြမ္မာသည် လက်ရှိ အစိုးရအတွက် ခေါင်းခဲစေပါတော့သည်။ လူတစ်ရာတွင် ငါးဆယ်ရာခိုင်နှုန်းလောက်ကလည်း ဒီအတိုင်းသာ ဆက်သွားမည်ဆိုလျှင် နောက်လာမည့်နှစ်တွင် ပိုဆိုးလာမည်ဟုခန့်မှန်းလာကြသည်။ နောက်ဆုံးလက်ရှိ အစိုးရအနေဖြင့် လူထုကိုပွင့်လင်းစွာချပြသည်။ ဖြစ်လာသည့်ပြသာနာနှင့်ရင်ဆိုင်နေရသည့် အတွေ့အကြုံများ ကိုရှင်းပြသည်။ လူထုထံမှအကူအညီယူသည်။ စီးပွားရေးအလားအလာတိမ်းစောင်းပြီးကျဆင်းသွားရသည့်အား နည်းချက်များကို အဖြေရှာသည်။ မှားခဲ့သောအမှားများကို ၀န်ခံသည်။ မှန်သောလမ်းကြောင်းပြန်ရောက်ရန် အတွက် တိုင်းပြည်လူထုထံမှဆန္ဒခံယူသည်။ လုပ်ရပ်မှားသော်လည်း ပွင့်လင်းမြင်သာမှုကိုရယူသည်။ တိုင်းပြည် အတွက် လိုအပ်သောလမ်းကြောင်း Macroeconomic Pathway Strategies များကိုရယူသည်။ ပြီးတော့ အကောင်အတည်ရအောင်ဖေါ်သည်။ ဒီလိုနှင့် တိုင်းပြည်တည်ငြိမ်မှုကို ပြန်ယူသည်။ မက်ခရိုဘောဂဗေဒဆိုတာဘာလဲ? What is macroeconomics? ဘောဂဗေဒကို စီးပွားရေးပညာဟုခေါ်ကြသည်။ အမှန်အားဖြင့် ဘောဂဗေဒသည် စီးပွားရေးပညာ ထက်ပိုမိုကျယ်ပြန့်ပါသည်။ စီးပွားရေးအတွက်သာမဟုတ်ပါ။ နိုင်ငံရေး၊ လူမှုရေးလည်း ပါသည်။ Social Welfare လည်းပါဝင်သည်။ Political Economics လည်းရှိသည်။ စီးပွားရေးသက်သက်မဟုတ်တော့၊ စီးပွား ရေးအပြင်လူမှုရေးပါကိုကြည့်သောဘာသာရပ်ဖြစ်သည်။ ထိုသို့ကြည်ရှုရာတွင် တိုင်းပြည်အလိုက်ခြုံငုံသုံးသပ် သောသဘောရှိသည်။ တစ်တိုင်းပြည်လုံးထုတ်လုပ်၊ ၀န်ဆောင်နိုင်မှုအခြေအနေ၊ တစ်တိုင်းပြည်လုံးစားသုံးနိုင်မှု အခြေအနေကိုလေ့လာသည်။ တစ်ဦးခြင်း တစ်ဖွဲ့ခြင်းအနေဖြင့်လေ့လာခြင်းမဟုတ်။ နိုင်ငံလိုက်ခြုံပြီး မည်မျှ ထုတ်လုပ်နိုင်သည်ဆိုသော Aggregate Supply (AS)၊ တစ်နိုင်ငံလုံးပြည်သူများသုံးစွဲနိုင်မှုအခြေအနေဖြစ်သော Aggregate Demand (AD) တို့ကိုချိန်စက်လေ့လာခြင်းဖြစ်သည်။ တိုင်းပြည်တွင်အလုပ်အကိုင်ရရှိမှုအခြေ အနေ၊ တိုင်းပြည်အနေဖြင့်အခြားသောနိုင်ငံများနှင့်ကုန်သွယ်မှုအခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို လေ့လာသုံးသပ်သောရှုထောင့်ကို Macroeconomics ဟုခေါ်ဆိုခြင်းဖြစ်သည်။ တစ်ဦးခြင်းတစ်ယောက်၊တစ်ဖွဲ့ ခြင်းအတွက် စဉ်းစားသောဘောဂဗေဒကိုတော့ Microeconomics ဟုခေါ်ကြသည်။ အချို့သောပညာရှင်များကလည်း Microeconomics တွေစုပေါင်းလိုက်လျှင် Macroeconomics ဖြစ် သွားသည်ဆိုသောအဆိုကိုဖွင့်ဆိုကြသည်။ မှားသည်လားဟူသောအမေးအတွက် မမှားဟုဖြေရမည်ဖြစ်သော် လည်း ပြည့်စုံခြင်းမရှိဟုတော့ ဆိုချင်ပါသည်။ သစ်တစ်ပင်ခြင်းကို ကြည့်လျှင် Microeconomics သဘောဖြစ်၍ သစ်တောအနေဖြင့်ကြည့်လျှင် Macroeconomics သဘောဟုပြောကြသည်။ အဓိပ္ပါယ်ဖွင့်ဆိုချက်သည် လွန်စွာ သတိထားရပါသည်။ သစ်တောတစ်ခုအနေဖြင့်မြင်ခြင်းသည် သစ်ပင်များကိုစုစုပေါင်းမြင်ခြင်းမဟုတ်ပါ။ မြန်မာ စကားတွင် စုပေါင်းဟူသောစကားသည် စုစုပေါင်းခြင်း (Sum up သို့မဟုတ် Total) လုပ်ခြင်းမဟုတ်ပါ။ Collective သဘောကိုသာဆိုသည်။ Macroeconomics သဘောတွင် စုပေါင်းသဘော Collective များစွာပါ ၀င်သည်။ ယင်းအချက်ကို ရှင်းလင်းစွာသိမှသာ Microeconomics သဘောနှင့် Macroeconomics သဘောကို ကွဲကွဲပြားပြားသိမြင်နိုင်ပါမည်။ မက်ခရိုစီးပွားရေးလုပ်ဆောင်ချက်များကိုဘယ်လိုတိုင်းမည်လဲ? Measuring Macroeconomic Performance မက်ခရိုဘောဂဗေဒလုပ်ဆောင်မှုအတိုင်းအတာမည်မျှအောင်မြင်ခြင်းရှိမရှိဆိုသည့်အချက်သည် အစိုးရ အနေဖြင့် တိုင်းပြည်အတွင်းလည်ပတ်နေသော စီးပွားရေးကို မည်မျှအထိသောအတိုင်းအတာအထိ စီမံခန့်ခွဲ အုပ်ချုပ်နိုင်စွမ်းရှိသည်ဟူသော အချက်ဖြင့်တိုင်းတာလေ့ရှိပါသည်။ အစိုးရအနေဖြင့် တိုင်းပြည်စီးပွားရေးကို အချက်ကျကျ၊ အကွက်ကျကျ စီမံခန့်ခွဲလုပ်ကိုင်ပေးနိုင်သည်နှင့်အမျှ၊ မက်ခရိုစီးပွားရေးအတိုင်းအတာသည် လည်း အောင်မြင်သည်ဟုပြောဆိုနိုင်ပါသည်။ ဆိုလိုသည်မှာ အစိုးရအနေဖြင့် တိုင်းပြည်၏စီးပွားရေးများကိုဝင် ရောက်လုပ်ကိုင်စရာမလိုသည့်သဘောဖြစ်သည်။ ၀င်ရောက်စီမံခန့်ခွဲမှုအတွက်သာဇောင်းပေးလုပ်ဆောင်သင့် သည်ဟူသောအချက်ကို Macroeconomics ကဖွင့်ဆိုပါသည်။ အစိုးရပိုင်ကော်ပိုးရေးရှင်းများ နှင့် အစိုးရပိုင် စီးပွားရေးလုပ်ငန်းများမလုပ်ရဟုတော့မဆိုလို၊ ထိုစီးပွားရေးများသည် ပုဂ္ဂလိကလက်ထဲအပ်လျှင်ပိုဆိုးနိုင်သော သဘောရှိလျှင် အစိုးရအနေဖြင့် လူမှုရေးအရအနစ်နာခံလုပ်ကိုင်ပေးရသောသဘောရှိသည်။ အမြတ်ရရှိရေး ထက် လူထုသက်သာချောင်ချိရေးအတွက်သာ လုပ်ဆောင်ပေးသောလုပ်ငန်းများဖြစ်သည်။ အရှုံ့းခံပြီးလုပ်ကိုင် သင့်လုပ်ကိုင်ပေးရသောလုပ်ငန်းများလည်းဖြစ်သည်။ အရှုံးခံသည်ဆိုရာတွင် အခြားရငွေမှ လှည့်သုံးခြင်းဖြစ်သည်။ ထိုသို့ ဆောင်ရွက်သည့်ကြားမှ လူထုအနေဖြင့် အခက်အခဲဆက်ရှိနေမည်ဆိုလျှင် ဆေးအတွက်လေးနေသောလုပ်ငန်းများဖြစ်ပါက အစိုးရ၏ တိုင်းပြည်စီးပွားရေးအပေါ်စီမံခန့်ခွဲမှုသည် အလွန်ညံ့ဖျဉ်းသောလုပ်ဆောင်ချက်အဖြစ် မှတ်ယူရမည်ဖြစ်သည်။ အောင်မြင်မှုရှိခြင်း၊ မရှိခြင်း ဆိုသည့် Macroeconomics ၏ ညွှန်းကိန်း Indicators များရှိသည်။ ထိုညွှန်းကိန်းများသည် မက်ခရိုစီးပွားရေး အတွက် ရည်မှန်းချက်များလည်း ဖြစ်နေပြန်ပါသည်။ အစိုးရလုပ်ဆောင်ချက်များကောင်းနေသရွှေ့ • လူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာဖန်တီးနိုင်ခြင်း၊ အလုပ်လက်မဲ့ဦးရေနည်းလာခြင်း၊ တောင်းစားသူလူတန်စားနည်းလာခြင်း။ အနိမ့်ဆုံးလစာ သတ်မှတ်မှု ထိရောက်မှုရှိခြင်း • စားသောက်ကုန်နှင့်လူသုံးကုန်ဈေးနှုန်းများ ရရှိသောဝင်ငွေဖြင့် ကာမိစေခြင်း။ • စက်ရုံအလုပ်ရုံများတွင် ၀ါဏီဇ္ဇပဋိပက္ခနည်းခြင်း၊ တည်ငြိမ်သောဆန္ဒပြမှုများသာရှိခြင်း၊ • ဘဏ်လုပ်ငန်းနှင့်ပတ်သက်သောကောလဟလနည်းနေခြင်း လုပ်ငန်းပျက်မည့်နိမိတ်လက္ခဏာနည်းပါး ခြင်း (Bankruptcies) • ပို့ကုန်ဝင်ငွေမြင့်တက်လာခြင်း၊ ပြည်ပငွေပေးငွေယူရှင်းတမ်း လိုငွေပြမှုနည်းလာခြင်း၊ • စတော့ အိတ်ချိန်းမားကစ်တွင် စတော့ရှယ်ယာဈေးနှုန်းများတန်ဖိုးတက်လာခြင်းစသည့်အချက်များကို ကြည်ခြင်းဖြင့် တိုင်းပြည်စီးပွားရေးအပေါ် အစိုးရအနေဖြင့် မည်မျှအထိစီမံခန့်ခွဲမှုကောင်းသည်၊ မကောင်းသည်ကို သုံးသပ်နိုင်ပါသည်။ ထို ညွှန်းကိန်းများကို ကြည့်ခြင်းဖြင့် အစိုးရအနေဖြင့် တိုင်းပြည်အတွက် မက်ခရိုစီးပွားရေးလုပ်ဆောင် ချက်များ ထိရောက်စွာအကောင်အတည်ဖေါ်နိုင်စွမ်းရှိမရှိဆိုသည်ကို သုံးသပ်အကဲဖြတ်နိုင်ကြသည်။
Posted on: Sun, 24 Nov 2013 13:34:50 +0000

Trending Topics



Recently Viewed Topics




© 2015