= = = အရှေ့တောင်အာရှဒေသ - TopicsExpress



          

= = = အရှေ့တောင်အာရှဒေသ အယ်ကေဒါကွန်ယက် (ဒေါက်တာ ရိုဟန် ဂုဏ ရတန) = = = (KMS ဘာသာပြန်) အပိုင်း - ၅ Al Qaeda’s Network in Southeast Asia by Dr. Rohan Gunaratna = အယ်လ်ကေဒါ၏ ကမ္ဘာလွှမ်းခြုံ ထီး = အယ်လ်ကေဒါ ကိုယ်တိုင်မှာ ကမ္ဘာလွှမ်းခြုံ ထီးတစ်လက်ရှိပါတယ်။ အယ်လ်ကေဒါရဲ့ ကမ္ဘာလွှမ်းခြုံထီးရဲ့ နာမည်ကတော့ ဂျူးများနှင့် ခရစ်ယာန် တပ်သားများအား ဆန့်ကျင့်သော ကမ္ဘာ့အစ္စလာမ် တပ်ဦး ဖြစ်ပြီး (၁၉၉၈)ခုနှစ် ဖေဖော်ဝါရီလမှာ ဖန်တီးခဲ့တာပါ။ ဂျူးများနှင့် ခရစ်ယာန် တပ်သားများအား ဆန့်ကျင့်သော ကမ္ဘာ့အစ္စလာမ် တပ်ဦးကို ဖန်တီးတဲ့ ရည်ရွယ်ချက်ကတော့ အိုစမာ ဘင်လာဒင်က အရှေ့အလယ်ပိုင်းက၊ အာဖရိက က၊ အာရှက၊ ပြီးတော့ ကော့ကေးဆပ် ဒေသက တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ အစ္စလာမ် အဖွဲ့အစည်းများကို လှုပ်ရှားသက်ဝင်စေမယ်လို့ ခိုင်ခိုင်မြဲမြဲ ယုံကြည်လို့ပါပဲ။ သူက ပေါင်းစည်းထားတဲ့ အားထုတ်မှုကို ရချင်ပါတယ်။ အိုစမာဟာ ဂျီဟတ် လှုပ်ရှားရုန်းကန်မှုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ဘယ်တုံးကမှ စိတ်မ၀င်စားခဲ့ပါဘူး။ အိုစမာဟာ အမြဲတမ်း နောက်ကွယ်ကနေပြီး ထောက်ကူမှုပေးရင်း၊ မဟာဗျူဟာ နဲ့ သဘောတရားရေးရာ ညွှန်ကြားချက်တွေ ပေးရင်း နေခဲ့ပါတယ်။ ဒါဟာ အဲဒီ ပူးပေါင်းလုပ်ဆောင်မှုကို သူ တည်ထောင်နိုင်ဖို့အတွက် အဓိကကျတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ - အရှေ့တောင်အာရှက ခေါင်းဆောင်တွေကလည်း ဒီအတိုင်းလိုက်လုပ်ကြပါတယ်။ ဟမ်ဘာလီဟာ အယ်လ်ကေဒါရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ရာဘစ်တူတယ် မူဂျာဟစ်ဒင် အစည်းအဝေး ကျင်းပပေးတယ်။ အဲဒီ အစည်းအဝေးတွေမှာ ဖိလိပိုင်နိုင်ငံက အမ်အိုင်အယ်လ်အက်ဖ် [မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး] နဲ့ အေအက်ဂျီ [အဘူဆာယက် အုပ်စု]၊ အင်ဒိုနီးရှား နိုင်ငံက လက်စ်ကာ ဂျန်ဒူလာဟ်၊ ဂျေအိုင် [ဂျမ်မား အစ္စလာမီးယား] နဲ့ ဂျမ်းမား ဆလာဖီးယား တို့ပါဝင်ကြပါတယ်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလိပိုင်နိုင်ငံတို့က ဂျေအိုင် ခေါင်းဆောင်တွေ လည်းပဲ အဲဒီ အစည်းအဝေး တက်ကြပါတယ်။ အဲဒီအပြင်ကို ကျွန်တော်တို့ မြင်ရတာက မြန်မာနိုင်ငံက အာရ်အက်စ်အို နဲ့ အာနို တို့က ကိုယ်စားလှယ်တွေ အဲဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကက်ရှမီးယားမှာ တိုက်ခိုက်နေတဲ့ ပါကစ္စတန်အုပ်စု ဖြစ်တဲ့ လက်ကာ အီ တိုဘာ ဆိုတဲ့ အရှေ့တောင်အာရှ အုပ်စု တစ်ခုဆီက အလည်အပတ် လာပြီး ပါဝင်တက်ရောက်မယ်လို့လည်း မျှော်လင့်ထား ပါတယ်။ ဒါပေမဲ့ အဲဒီ ကိုယ်စားလျယ်ဟာ မလာနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ သိရတာက ဂျေအိုင် အဖွဲ့ဝင်တွေဟာ ကက်ရှမီးယားကိုတောင်မှ လည်ပတ်ပြီးသွားပါပြီ။ ပြောရမယ်ဆိုရင် - ဂျေအိုင် အဖွဲ့ဝင် တစ်ယောက်ဟာ ပါကစ္စတန်နိုင်ငံနဲ့ ကက်ရှမီးယားကို လည်ပတ်ခဲ့ပြီး လက်ရှ်ကာ အီ တိုဘာ ခေါင်းဆောင်တွေနဲ့ ကက်ရှမီးယားနယ် အက်ဇတ်နဲ့ ပါကစ္စတန် နိုင်ငံမှာ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရှေ့တောင်အာရှဒေသက အစ္စလာမ် အုပ်စုတွေဟာ အယ်လ်ကေဒါ အဖွဲ့ရဲ့ သဘောတရားရေးရာနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ထိုးဖောက်မှု ရလာဒ်အဖြစ် သွင်ပြင်လက္ခဏာ သိသိသာသာ ပြောင်းလဲခဲ့တာကို မြင်ခဲ့ရပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ ကျွန်တော်တို့ဟာ ဘယ်တုန်းကမျှ ဗလီမှာ သေကြေအောင် တိုက်ခိုက်မှုကို မတွေ့ခဲ့ရပါဘူး။ ကျွန်တော်တို့ဟာ ဘယ်တုန်းကမျှ အသေခံ တိုက်ခိုက်မှုကို မတွေ့ခဲ့ရပါဘူး။ ပြီးရင် ကျွန်တော်တို့ဟာ ဘယ်တုန်းကမျှ အရှေ့တောင်အာရှ အုပ်စုတစ်ခုက လေယာဉ်အပိုင်စီးပြီး အရှေ့တောင်အာရှက အထင်ကရဖြစ်တဲ့ ပစ်မှတ်တွေကို ဖျက်ဆီးပစ်ဖို့ အလိုရှိတာကို မတွေ့ခဲ့ရဖူးပါဘူး။ အယ်လ်ကေဒါ ရဲ့ အရှေ့တောင်အာရှဒေသကို ထိုးဖောက်မှု အကျိုးဆက်ကို ကျွန်တော်တို့ ဘာလီကျွန်းမှာ မြင်ခဲ့ရပါတယ်။ ဒါဟာ အသေခံတိုက်ခိုက်မှု ဆိုတာ အလွန်ပဲ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ ဂျာကာတာမြို့တော် မာရီယော့ ဟိုတယ် တိုက်ခိုက်မှုကို မြင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဘာလီကျွန်းမှာ တိုက်ခိုက်မှုကိုလည်း မြင်ရပြန်ပါတယ်။ ဒါဟာ ဗလီမှာ အသေအပျောက်ဖြစ်စေတဲ့ တိုက်ခိုက်ဖြစ်ပါတယ်။ တစ်ခါ ကျွန်တော်တို့ဟာ ဘန်ကောက်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်က လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲပြီး စင်ကာပူနိုင်ငံက ချန်ဂီလေဆိပ်ကို ၀င်တိုက်ပစ်ဖို့ စီစဉ်နေခဲ့တဲ့ စင်ကာပူက ဂျေအိုင် အကြီးအကဲ မာ့စ် ဆီလာမတ် ကာစ်တာရီကို မြင်ခဲ့ရပြန်ပါတယ်။ ဒါဟာ အယ်လ်ကေဒါ နည်းဗျူဟာတစ်ခုနဲ့ အလွန်ကိုပဲ တူပြီး ဒီဒေသဆိုင်ရာ အဖွဲ့အစည်းတွေ ဘယ်လို ပါဝင်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ ဒီနိုင်ငံခြားလွှမ်းမိုးမှု မတိုင်ခင် ကျွန်တော် တို့ မမြင်ခဲ့ရတဲ့ လှုပ်ဆောင်နိုင်စွမ်းတွေ၊ ရည်မှန်းချက်တွေ ဖြစ်ပေါ်တိုးတက်လာတာ ဖြစ်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ အရှေ့တောင်အာရှအုပ်စုတွေရဲ့ အကျင့်စရိုက်တွေနဲ့ သူတို့ ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာကို ခပ်မြန်မြန်ကလေး ဆန်းစစ်ကြည့်မယ်ဆိုရင် ထင်ရှားတဲ့ အဆင့် သုံးခုကို ရှိတာ တွေ့ပါလိမ့်မယ်။ ပထမအဆင့်ဟာ (၁၉၈၈)ခုနှစ် မှာ အိုစမာဘင်လာဒင်ရဲ့ ယောက်ဖ မိုဟာမက် ဂျာမာလ် ခလီဖာကို လက်ခံခဲ့ခြင်းအားဖြင့် စတင်ခဲ့ပါတယ်။ ပက်ရှဝါမှာ ရှိတဲ့ မိုဟာမက် ဂျာမာလ် ခလီဖာ ဟာ ဖိလိပိုင်ကို လည်ပတ်ခဲ့ပြီး မနီလာမြို့မှာ ရှိတဲ့ အကြီးဆုံး အချမ်းသာဆုံး ဆော်ဒီ အလှူအဖွဲ့တွေက တစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အစ္စလာမ် ကယ်ဆယ်ရေး အဖွဲ့ရဲ့ ပထမဦးဆုံး ညွှန်ကြားရေးမှူး၊ တည်ထောင်တဲ့ ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပါတယ်။ ပြီးတာနဲ့ ကျွန်တော်တို့ဟာ ဒီ အဖွဲ့အစည်းကတစ်ဆင့် ငွေတွေ ဒလဟောစီးထွက်လာတာတွေ့ရပါတယ်။ ပထမဆုံး အမ်အိုင်အယ်လ်အက်ဖ် (မိုရိုအစ္စလာမ်လွတ်မြောက်ရေးတပ်ဦး) ဆီကိုပါ။ ဒီနောက်မှာ အဘူရာဂျာ ဂျာနီဂျာလာနီ ရဲ့ အဘူဆေယက်ဖ်အုပ်စု ဆီကိုပါ။ ပြီးတော့ ကျွန်တော်တို့ဟာ အယ်လ်ကေဒါအဖွဲ့နဲ့ ဒီအဖွဲ့အစည်းနှစ်ခုအကြား ထင်ရှားမြင်သာတဲ့ဆက်သွယ်မှုကို မြင်ခဲ့ရပါတယ်။ ပြီးတော့ ပြောစရာရှိတာက (၁၉၈၈) ခုနှစ်ကစလို့ အိုစမာဘင်လာဒင်နဲ့ သူ့ရဲ့ပြင်ပလုပ်ငန်းများဆိုင်ရာ ညွှန်ကြားရေးမှုး - အခု အမေရိကန်မှာ အထိန်းသိမ်းခံနေရတဲ့- အဘူဇူဘိုင်ဒါတို့ နဲ့ အမ်အိုင်အယ်လ်အက်ဖ် ခေါင်းဆောင်ပိုင်းအကြား ဆက်သွယ်မှုကို ပထမဆုံး သတိထားမိတာက ဥရောပလုံခြုံရေး ၀န်ဆောင်မှုအဖွဲ့တစ်ခု ဖြစ်ပါတယ်။ အထူးပြောစရာရှိတာက အမ်အိုင်အယ်လ်အက်ဖ်ရဲ့ ခေါင်းဆောင် ဟာရှင် ဆာလာမတ်၊ အမ်အိုင်အယ်လ်အက်ဖ် ပြင်သစ်ကော်မီတီရဲ့ ဦးစီး ယူစွပ် အလွန်ဂန် နဲ့ အခုဖိလိပိုင်မှာ အထိန်းသိမ်းခံထားရတဲ့ အမ်အိုင်အယ်လ်အက်ဖ် အထူး လုပ်ငန်းဆောင်ရွက်ရေး အုပ်စုရဲ့ ဦးစီး ဖြစ်တဲ့ မူခလီစ် ယူနိုးစ် - အဖွဲ့အစည်း အများအပြားမှာ ဂျေအိုင်နဲ့ အလွန်နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့တဲ့လူတစ်ယောက်ပါ။ (၂၀၀၀)ပြည့်နှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့မှာ ဖိလိပိုင်မှာ ဂျီအိုင်က ပထမဆုံး လုပ်ခဲ့တဲ့ လုပ်ငန်း အပါအ၀င်ပေါ့လေ။ အင်ဒိုနီးရှားမှာ ခရစ်ယာန်ဘုရားကျောင်း (၃၀)ကို ဂျေအိုင်က ဗုံးခွဲခဲ့ပြီး မကြာမီမှာပဲ ဂျေအိုင်ဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ရေး အဖွဲ့ဝင်တွေကို မနီလာမြို့ကို ရွှေ့ပြီး မနီလာမြို့ က ထင်ရှားတဲ့ ပစ်မှတ် ငါးခု ဗုံးခွဲခဲ့ပါတယ်။ ဒီ ပစ်မှတ်တွေကို မူခါလီစ် ယူနိုးစ် ဦးဆောင်တဲ့ အမ်အိုင်အယ်လ်အက်ဖ် အထူး လုပ်ငန်းဆောင်ရွက်ရေး အုပ်စု က ထောက်ကူမှုနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။
Posted on: Thu, 11 Jul 2013 15:41:17 +0000

Trending Topics



Recently Viewed Topics




© 2015